သာစည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်း၏ ကြီးကြပ်မှုဖြင့် အခြေခံပညာအထက်တန်းအဆင့်တွင် ပင်လုံမှသည် ပြည်ထောင်စုနေ့ဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပြည်ထောင်စုနေ့နှင့်လူငယ်တို့၏တာဝန် ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မူလတန်းအထက်ဆင့်တွင် ပြည်ထောင်စုနေ့ ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ကျောင်းသား/သူစုစုပေါင်း ၉၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆက်လက်ပြီး မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး ကျောင်းသား/သူစုစုပေါင်း ၅၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုနှစ်ဆုစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)