မြို့သစ် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ အစည်းအဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးအုန်းလွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းအုပ်ဆရာကြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့် ရပ်မိရပ်ဖများက အသီးသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် အလှည့်ကျသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)