သံတောင်ကြီးမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

သံတောင်ကြီး ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကိုယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ Grade -9 ကျောင်းသူ/ကျောင်းသားများက ပညာရေးစုံညီပွဲတော်သီးချင်းဖြင့် သီဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကားပြောကြားသည်။ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသူ/ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အ‌‌ခြေခံပညာကျောင်းများမ ကျောင်းအုပ်ကြီးများက ဆုများအသီးသီချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

နော်နော်မူ