မိတ္ထီလာ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းဗဟုသုတပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲမစတင်မီ ဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာရာ အထွေထွေဉာဏ်စမ်းဗဟုသုတ ရေးဖြေမေးခွန်း ဖြေဆိုခွင့်ပြုချိန် ၂ နာရီကို ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများက ဝင်ရောက်ဖြေဆိုကြသည်။ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ဉာဏ်စမ်းဗဟုသုတပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြော ပြိုင်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ယနေ့တွင် ဉာဏ်စမ်း ဗဟုသုတ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံ၌ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ