ဘားအံ ဩဂုတ် ၇
ကရင်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာန ဝန်ထမ်းများငွေစုငွေချေး သမဝါယမ အသင်း(လီမိတက်)၏ (၂၀၂၃-၂၀၂၄)နှင့် (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းဝေးကို ဩဂုတ် ၆ ရက် နံနက်(၁၁)နာရီက ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အသင်းဥက္ကဌ ဒေါ်မြင့်ဌေးခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာကို အတွင်းရေးမှူး ဒေါ်ခင်သန္တာချိုကဖတ်ကြားပြီး အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင် ဒေါ်ပပမော်က နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများအား ဖတ်ကြားပြီး အတည်ပြုချက်များ ရယူခဲ့သည်။ ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြား၍ တက်ရောက်လာကြသော အသင်းသားများအား ပြည်နယ်ဦးစီးမှူးက အစုပေါ်အမြတ်ငွေနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)