ကော့သောင်းမြို့တွင် အငြိမ်းစားပင်စင်စားများအား  Unique Identity အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိ

 ကော့သောင်း ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် ပင်စင်လစာခံစားနေသည့်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  Unique Identity များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှူး ဦးကိုကိုနိုင်၊ မြို့နယ်ဦးစီးမှူးဦးချမ်းမြေ့ဇေဦးနှင့် တာဝန်ရှိသူများက ဩဂုတ်၆ရက်တွင်  အေးရိမ်ငြိမ်ရပ်ကွက်တွင် ပင်စင်စားဘိုးဘွားများအား  UID (Unique Identity) များ ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)