မိုင်းယု ဩဂုတ် ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က မြေဩဇာများထောက်ပံ့ပေးမှုအခြေအနေများနှင့် သုံးစွဲရန်နည်းလမ်းကို ရှင်းလင်းပြောကြားပြီး တောင်သူတို့ကို ကွန်ပေါင်းမြေဩဇာ၊ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် တောင်သူတို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်းနှင့် အခမ်းအနားပြီးနောက် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မြို့မရပ်ကွက်တွင် စံပြစိုက်ပျိုးထားသော မိုးစပါးစံပြကွက်များအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်