မြဝတီ သြဂုတ် ၆
ကရင်ပြည်နယ်၊မြဝတီခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများအား ဆွေးနွေးသည်။
ထို့နောက် စာသုံးသူရေးရာကော်မတီဝင်များမှပြန်လည်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးတက် ရောက်ခဲ့ကြသည့် ကော်မတီဝင်များမှ အစည်းအဝေးဆုံးဖြတ်ချက် (၇)ချက်အား ချမှတ်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)