သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တပေါင်းပွဲတော်တွင် ကုသိုလ်ဒါနပြုပါဝင်ဆင်နွှဲကြသူများဖြင့်စည်ကား
Mar 14,2025
ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တပေါင်းပွဲတော် ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းပွဲ၊ အာရုံဆွမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းတို့တွင် ကုသိုလ်ဒါနပြုကြသူများ၊ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်ပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Mar 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီက ဆွမ်း​ဆန်စိမ်းလောင်းလှူပွဲအား ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 14,2025
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
မြို့သစ်မြို့နယ်၊ ကနီကျေးရွာအနီး၊ ဗိဿနိုးသစ္စာပေါင်းကူးတံတားဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
Mar 14,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ကနီကျေးရွာအနီး "ဗိဿနိုးသစ္စာပေါင်းကူးတံတား" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Mar 14,2025
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Mar 14,2025
၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ် သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ
Mar 14,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီတွင် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(ရွှေကျင်) မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိတေသိတထံ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဘွဲ့ခံဆရာတော်နှင့် သီလရှင်ဆရာများ တက်ရောက်တော်မူကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ Myanmar Agri Foods Co., Ltdမှ ဟင်းသီးဟင်းရွက်အေးခဲ ထုတ်လုပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေး၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 14,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီး ဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများ၊ ထုတ်ကုန် များ ပြည်ပဈေးကွက်သို့ တင်ပို့နေမှု၊ တောင်သူများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။