ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

အင်းစိန် ဩဂုတ် ၈

မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန်လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ်ကို ဩဂုတ် ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန်လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းမှ(၆)ဂိုးနှင့် တာ့ခ်မင်နစ္စတန်လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းမှ (၁)ဂိုးဖြင့် မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းမှ အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းသည် AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲစဉ် အုပ်စု(D)တွင် တာ့ခ်မင်နစ္စတန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုး သမီးအသင်းသည် ကျန်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့တွင် ယူ-၂၀ အင်ဒို နီးရှားလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် ယူ-၂၀ အိန္ဒိယလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)