မိုင်းပန် ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများက ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူငယ်တစ်ယောက်၏တာဝန်၊ ဘိန်းစားဆေးငတ် ဆေးမပြတ်တယ်နှင့် လူငယ်များ၏ရွှေရောင်မနက်ဖြန် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ကျောင်းသား/သူများက သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)