ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌ ပျက်စီးသွားသည့် ၆/၈ တံတားအား ပြန်လည်ခင်းပေးပြီးဖြစ်

ကျောက်ဆည် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများ အချိန်အခါမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပျက်စီးသွာသည့်တံတားသည်ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသော အတိုဆုံးလမ်းပေါ်တွင်တည်ရှိပြီး  ကုန်စည် စီးဆင်းမှု မြန်ဆန်လွယ်ကူစေရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ အမြန်ဆောင်ရွက် ်နိုင်ရေး ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ အရှည်(၁၈.၂၈)မီတာ ဘေလီတံတား Double Single တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းများပြီးစီးပြီဖြစ်သောကြောင့် လမ်းဘေးဝဲ/ယာရှိ တံစိုး မင်းစု၊ လေးဆယ်ကုန်း၊ ကသဲကုန်း၊ အင်ယောင်းကျေးရွာများမှ ပြည်သူများအပြင် ဟံမြင့်မိုရ်- မင်းစု-ရွာမုန်း-ဒါးရဲကောင်းလမ်းနှင့်ဆက်သွယ်ထားသည့် လမ်းဖြစ်သည့်အတွက် ပြည်သူများ၏ လူမှုစီးပွားဘဝ များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)