မော်လိုက်မြို့၌ မော်လိုက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

မော်လိုက် ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကစားသမားများနှင့် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင် များက ဆုရရှိသည့် အမျိုးသားအသင်းများအဖြစ် (ပထမဆု) ကျောင်းမြောက်(ခ)အသင်း၊ (ဒုတိယဆု) ပညာရေးအသင်း၊ (တတိယ)ဆုမီးသတ်အသင်းတို့ကိုလည်းကောင်း၊ အမျိုးသမီး အသင်းများအဖြစ်  (ပထမဆု) အ.ထ.က(ခ)အသင်း၊ (ဒုတိယဆု) ရဲတပ်ဖွဲ့အသင်း၊ (တတိယ)ဆု ပညာရေးအသင်းတို့ကိုလည်းကောင်း ဆုရရှိသူများအား ငွေသားဆုများနှင့်ဒိုင်းဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

ကိုထက်