ကျောက်တံတားမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ကျောက်တံတား ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်က အမှာစကားပြောကြားပြီး‌နောက် မြို့နယ်ထောက်ပံ့ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးက ထောက်ပံ့ငွေများပေးအပ်ရသည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကိုပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက လက်ခံရယူကြသည်။

ယနေ့ ထောက်ပံ့ရာတွင် အိမ်ထောင်စု (၅၂)စု၊ လူဦးရေ (၁၅၀)ဦးသို့ ဧပြီ၊ မေ၊ ဇွန်(၃)လအတွက် ငွေကျပ်သိန်း(၉၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)