လှည်းကူး သြဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်းရှိ ကျောင်းသား/သူများအား ဩဂုတ် ၅ ရက်နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အ.ထ.က(ခွဲ)ကြို့ကုန်းကျောင်းမှ ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေးများကို အသိပညာပေးဟောပြောခြင်း အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၁၃)ဦးအား သွားကျန်းမာရေးစစ်ဆေးပေးပြီး သွားနှုတ်ပေးရန်လိုအပ်သော ကျောင်းသား၊ ကျောင်းသူ(၃၇)ဦးကိုလည်း သွားနှုတ်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)