ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဩဂုတ် ၉

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါ​မောက္ခချုပ် ​ဒေါက်တာစိုးစိုးခိုင်နှင့် ဆရာ/ ဆရာမများ၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်မြတ်သူ၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၉၉ ဦး တက်ရောက်ခဲ့သည်။ ဦးစွာ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါ​မောက္ခချုပ် ​ဒေါက်တာစိုးစိုးခိုင်က အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁၄)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်မြတ်သူက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာများနှင့်စပ်လျဥ်း၍ လူကုန်ကူးမှုအ​ကြောင်း၊ ဘယ်လိုလူ​​တွေ လူကုန်ကူးခံရနိုင်လဲ၊ ဘာအတွက် လူကုန်ကူးတာလဲ၊ ဘယ်လိုနည်းလမ်းနဲ့ လူကုန်ကူးကြ တာလဲ၊ ဘယ်လိုကာကွယ်မလဲ စတဲ့သိကောင်းစရာများကို လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူက ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ယာဥ်စည်းကမ်းလမ်း စည်းကမ်းဆိုတာ ဘာလဲ၊ မည်သူ​တွေက လိုက်နာမှာလဲ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များ
ယာဥ်စည်းကမ်းလမ်း စည်းကမ်း​လျော့နည်းကျဆင်း​ရေး လတ်တ​လော Quick Win(၅)ချက် အ​ကောင်အထည် ​ဆောင်ရွက်​နေမှု လမ်းအသုံးပြုသူ၊ စက်ဘီးစီးသူ၊ ဆိုင်ကယ်စီးနင်းသူ၊ ​မော်​တော်ယာဥ်​မောင်းနှင်သူများ လိုက်နာရန်အချက်များ၊ယာဥ်တိုက်မှု အမှား/အမှန်သရုပ်ပြမှုများပြသ၍ 
သိကောင်းစရာများကိုလည်းကောင်း အသိပညာ‌ပေး ဟောပြောခဲ့ကာ တက်ရောက်လာကြသူများ၏ သိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများအား တာဝန်ရှိ သူများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး စသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)