ရွှေဘိုမြို့၌ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Feb 27,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၅)၊ အမှတ်(၉)၊ အမှတ်(၁၀)၊ သီးလုံး၊ မြင်းချင်းကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒက်ရာရ၊ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား၊ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။