သတင်းများ

ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲ အခမ်းအနားကျင်းပ
Feb 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း အနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း အဆင့်မြင့်ဝဥများစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Mon AgroTech Co.,Ltd တို့ တွေ့ဆုံပွဲ အစည်းအဝေးတက်ရောက်
Feb 27,2024
မွန်ပြည်နယ်အတွင်း အဆင့်မြင့်ဝဥများစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Mon AgroTech Co.,Ltd တို့ တွေ့ဆုံပွဲ အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အင်္ဂပူမြို့နယ် အေးစေတီကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဝက်သေကျေးရွာအုပ်စု၊‌ အေးစေတီကျေးရွာ၌ ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Feb 27,2024
ပဲခူးမြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 27,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့က ရေစိုကျေးရွာအုပ်စု၊ တက်သစ်ကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စုနှင့် စံကင်းကြီးကျေးရွာအုပ်စုများသို့ တပြိုင်နက်ထဲ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာ‌ နေရာများ၊ ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ် သမဝါယမအသင်းစု၏ ဘဏ္ဍာရေးနှစ်အလိုက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ "ပန်းအလှထိုးနည်း" သင်တန်းဖွင့်လှစ်
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် အခမ်းအနားများ ပြင်ဆင်ရာတွင် ပန်းစို၊ ပန်းခြောက်များ အသုံးပြု၍ ပန်းအလှဆင်ခြင်းအတတ်ပညာဖြင့် အလှပန်းခြင်း၊ အလှပန်းအိုးများ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ "ပန်းအလှထိုးနည်း" သင်တန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။