ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်
Jan 21,2024
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ နာဂဒေသဦးစီးမှူး ဦးသိန်းထွန်းတင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဆိုင်ရာပညာ ပေးစာအုပ်/ စာစောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ လယ်ယာစီးပွားဂျာနယ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။