မိုင်းယောင်းမြို့၌ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် အလှူခံကြွရောက်နိုင်ရေး ဩဝါဒခံယူ
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ယမန်နေ့က မိုင်းဟန်ဆရာတော်အား နိုင်ငံတော်မှဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အလှူခံကြွရောက်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ဩဝါဒခံယူခဲ့ကြောင်း သိရသည်။