သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု များ တိုးတက်မြင့်မားလာစေရေး ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 03,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲဝေမတည်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား ချေးငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ဒုတိယနှစ် စက်ဝန်းလည်ပတ်လျက်ရှိရာ မတ်လ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားရေရိက္ခာဖူလုံရေးဆွေးနွေးပွဲ တက်ရောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
Mar 03,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ကျေးရွာများ အရောက် ကွင်းဆင်းဟောပြော
Mar 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲပိုင်းက တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတော ကျေးရွာ SMU ခန်းမတွင် ကျင်းပခဲ့ရာ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့သည်။
ပြည်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာ‌ပေးဆွေးနွေးပွဲကျင်းပ
Mar 03,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာ‌ပေးဆွေးနွေးပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ပြည်ခရိုင်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၄၀၀ခန့် တက်ရောက်သည်။
မလှိုင်မြို့၌ မြို့ပေါ် (၄) ရပ်ကွက် ရှိပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား   “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ” ကျင်းပ
Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ “ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ” အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက် နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့မအားကစားကွင်း ရှိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ
Mar 03,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ရစ်ဂျော်ကျေးရွာတွင် SPIC ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို မတ် ၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းပြီး၊ ကျမ်းစွဲခဲ့ကြသော ဆရာတော် သံဃာတော်များ သီလရှင်များ၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်း
Mar 03,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီ၊ ဝေဇယန္တာတန်ဆောင်းကြီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများ၊ ချီးမြှင့်ခြင်းနှင့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ကျမ်းပြီး၊ ကျမ်းစွဲခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုချီးမြှင့်ခြင်းနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကျင်းပ
Mar 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ၈ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။