သတင်းများ

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 07,2024
ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Jan 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အ .ထ . က (၁) ဇလွန် အမျိုးသားဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jan 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား မီးသတ်ဦးစီးဌာနခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း - ဆင်ဖြူစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ခေမာစာရမဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာနှင့် မြောက်ဦးဆရာတော်ဘုရားကြီးဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္ မဋ္ဌာနာစရိယ)တို့အား သွားရောက်ဖူးမြော်
Jan 07,2024
မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရေတာရှည်မြို့နယ်၌ Grade-9 နှင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Jan 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံပညာ အလယ်တန်း အဆင့် Grade-9 နှင့် အခြေခံပညာ မူလတန်းအဆင့် Grade-5 တို့၏ စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (ရေတာရှည်) အောင်ဆန်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲ ကျင်းပ
Jan 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ ယုဇနခန်းမတွင် ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားသို့တက်ရောက်
Jan 07,2024
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။