သတင်းများ

မောက်မယ်၌မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်အဆင့် အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်၍စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 21,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇယမေဒနီပရဟိတကျောင်းတိုက်တွင် ကျောင်းသား ၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အ.ထ.က သပြုကွင်း ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဇယမေဒနီပရဟိတကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်၊ အ-ထ-က(ခြောက်ရွာ)တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၊ ခြောက်ရွာ  ကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပြီးလူငယ်ရေးရာ ဟောပြောပွဲနှင့်လူငယ်စကားဝိုင်းတို့ ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်၌ နွေစပါး မှော်ဘီ-၃အား (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ) ဦးမျိုးလှိုင်သည် အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းအုပ်စု၊ကဇင်းကြီးကျေးရွာ ကွင်းအမှတ် ၇၆၉-၇၇၂၊ ဦးပိုင်အမှတ် (၈၉/၁)ရှိ တောင်သူစောမိုးကြည်၏ လယ်မြေ(၂၅)ဧကတွင် စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၆)တန်းသွားကောက် စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော် တံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကြက်တောင်ရိုက်အားကစားကွင်းတွင် ယမန်နေ့ ညနေ(၃)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော် တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။
ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပိုလျှံသောအသားများ တင်ပို့ရောင်းချနိုင်ရေး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်  အ​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆိတ်မွေးမြူရေးလုပ်ငန်း
Jan 21,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြင့်မားရေးနှင့်ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွား ရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍    မွေးမြူရေးကဏ္ဍတွင် အဓိကစားသုံးသော ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး)များကို တိုးမြှင့် ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီ၍ အကောင်အထည်ဖောင်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသတွင်း အသားငါး စားသုံးမှု ဖူလုံပြီး ပိုလျှံသော အသားငါးများတင်ပို့ရောင်းချနိုင်ရန် အသားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ပံ့ပိုကူညီဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြို့နယ်၌၂၀၂၄ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် census unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 21,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် census unit များတွင်အဆောက်အအုံတင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့မ ရပ်ကွက်တွင်ဆောင်ရွက်ခဲ့သည်။