နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် census unit များတွင်အဆောက်အအုံတင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့မ ရပ်ကွက်တွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး ဦးစီးအရာရှိတို့က ကြီးကြပ်ဦးဆောင်၍ မြို့မရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဖြစ်သည့် အဆောက်အအုံတင်ခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ဒုတိယဦးစီးမှူး ဦးအောင်သူနှင့်ရုံးဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ကော်မတီဝင်တို့က အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း