၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၂၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှထောက်ပံ့ပေးနေမှုအခြေအနေများ၊ လာမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း အောင်ချက်ကောင်းအောင် ကြိုးစားဆောင်ရွက်သွားရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲ အသီးသီး တို့တွင် ဆုရရှိသူများ၊ ၂၀၂၃ ခုနှစ် တကက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံ ဆုရကျောင်းများ၊ လူရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ နေ့ကြီးရက်ကြီးများအလိုက်ကျင်းပပြုလုပ်ခဲ့သည့် ကဗျာ၊ ပုံပြင်၊ စာစီစာကုံး၊ ပန်းချီ စသည့်ပြိုင်ပွဲဆုရရှိသူများ၊ အားကစားပြိုင်ပွဲအသီးသီး၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)