ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပိုလျှံသောအသားများ တင်ပို့ရောင်းချနိုင်ရေး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်  အ​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆိတ်မွေးမြူရေးလုပ်ငန်း

မိတ္ထီလာ  ဇန်နဝါရီ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြင့်မားရေးနှင့်ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွား ရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍    မွေးမြူရေးကဏ္ဍတွင် အဓိကစားသုံးသော ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး)များကို တိုးမြှင့် ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီ၍ အကောင်အထည်ဖောင်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသတွင်း အသားငါး စားသုံးမှု ဖူလုံပြီး ပိုလျှံသော အသားငါးများတင်ပို့ရောင်းချနိုင်ရန် အသားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ပံ့ပိုကူညီဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍ၌ အဓိက စားသုံးသော ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး)များ မွေးမြူရေးလုပ်ငန်းများအနက်  ဆိတ်မွေးမြူရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္ထီလာခရိုင်တို့တွင် မွေးမြူလျက်ရှိရာ  မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများက စိုက်ပျိုး ရေးလုပ်ငန်းများနှင့်အတူ တစ်ဖက်တစ်လက်မှ ဝင်ငွေများ တိုးပွားရရှိစေရန် မွေးမြူလျက်ရှိသည်။ ယင်းသို့ ကျေးလက်ဒေသများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ် အတွင်း၌ ဆိတ်ကောင်ရေ ခုနှစ်သောင်းကျော်  မွေးမြူထားရှိကြောင်း မြို့နယ်မွေးမြုရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ မြို့နယ်အတွင်း ဆိတ်မွေးမြူရာတွင် အလုံးအရပ်ထွားကျိုင်းပြီး ကိုယ်လုံး၏ အရောင်မှာ ဖြူ၍ ဦးခေါင်းမည်းသည့် ထိန်စမ်းမျိုးနှင့် အရွယ်အစား ကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မကျည်းစေ့ရောင်ရှိသည့် ဂျိတ်နီမျိုးများကို မွေးမြူလျက်ရှိသည်။

ဆက်လက်၍ မြို့နယ်အတွင်း၌ ဆိတ်မွေးမြူရာတွင် လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်ဖြင့် မွေးမြူလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ ဒေသခံပြည်သူအများစုမှာ  စိုက်ပျိုးရေး လုပ်ငန်းများနှင့် တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူပြီး ဆိတ်အစားအစာအဖြစ် ဇီးပင်၊  ဘောစကိုင်းပင်၊ မြေစာမြက်များကို  စားကျက်အတွင်း လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူလျက်ရှိသည်။

၎င်းအပြင် ခြံလှောင်စနစ်ဖြင့် ဆိတ်မွေးမြူခြင်းကို မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ်စု ဆူးဖြူးကွက်ကျေးရွာရှိ ဦးမျိုးသန့်နိုင် Garden Family Co;ltd ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် ဝန်ဇင်း(၃)၊ ပြည်ထောင်စုတိုးချဲ့ရှိ RFG Co;ltd ဆိတ်မွေးမြူရေးလုပ်ငန်းတို့က စီးပွားဖြစ် အသားတိုး ဆိတ်မွေးမြူရေးလုပ်ငန်းများကို မွေးမြူလျက်ရှိသည်။ယင်းသို့ မွေးမြူရာတွင် ဝန်ဇင်း(၃)၊ ပြည်ထောင်စုတိုးချဲ့ရှိ R F G Co;ltd ဆိတ်မွေးမြူရေးလုပ်ငန်းမှာ အသားတိုးဆိတ်ကောင်ရေ ၂၉၀၀ ကျော်နှင့် ဆူးဖြူကွက်ကျေးရွာမှာရှိတဲ့ ပိုင်ရှင် ဦးမျိုးသန့်နိုင် ၏ Garden Family Co;ltd ဆိတ်မွေးမြူရေးလုပ်ငန်းမှာဆိုရင် အသားတိုး ဆိတ်ကောင်ရေ ၂၈၀၀ ကျော်ကို ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိပြီး အသားတိုးဆိတ်မွေးမြူရာတွင်လည်း ထိန်စမ်းမျိုးကို အများဆုံးမွေးမြူပြီး ဂျိတ်နီမျိုးများကို အနည်းငယ်သာ မွေးမြူလျက်ရှိသည်။

မြို့နယ်အတွင်းခြံလှောင်စနစ်ဖြင့် အသားတိုး ဆိတ်မွေးမြူမည်ဆိုလျှင် တစ်နှစ်သားရှိသည့် ဆိတ်အထီးများကို ခြံအတွင်း အစာကျွေးသည့်စနစ်ဖြင့် မွေးမြူးထားပြီး ဆိတ်များကို အစာအကျွေးရာတွင်လည်း အစာကို နည်းစနစ်တကျ ကျွေးမွေးပြီး  ကျွေးမွေးရာတွင် အစားအစာ အဖြစ် ဝါစေ့ဖတ်၊ ဇီးဖတ်၊ ပဲခွံများကို အဓိကရောစပ်ကျွေးမွေးသည့်အပြင် ဖြည့်စွက်အစာအနေဖြင့် နေဗီယာမြက်မျိုးများကို စနစ်တကျ စိုက်ပျိုးထားရှိပြီး ချဉ်ဖတ်လုပ်၍ တစ်နေ့ နှစ်ကြိမ် ကျွေးမွေးလျက်ရှိသည်။ ယင်းအပြင် ခြံလှောင်စနစ်ဖြင့် မွေမြူထားသည့် ဆိတ်များ အစာကျွေးမွေးပြီးပါက အညောင်အညာပြေစေရန် ခြံအပြင်သို့ ရေသောက် ​​ခေတ္တ လွှတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆူးဖြူးကွက်ကျေးရွာရှိ Garden Family Co;ltd မှ ဦးမျိုးသန့်နိုင်က ပြောကြားခဲ့သည်။

ဆက်လက်၍ ပြောကြာရာတွင် အသားတိုးဆိတ်များကို ခြံလှောင်စနစ်ဖြင့် မွေးမြူပါက စတင် မွေးမြူသည့်အချိန်မှစ၍  ၄လ ၊ ၅လ ကြာမြှင့်ပြီး ရောင်းတန်ဝင် ဆိတ်များဖြစ်သည့် ၃၅ - ၄၀ ကီလိုဂရမ်ရှိသည့် ဆိတ်များအဖြစ် ကြီးထွားလာပါက မြဝတီ၊ မူဆယ်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချလျက်ရှိပြီး အသားတိုးဆိတ်မွေးမြူခြင်းကို တစ်နှစ် နှစ်ကြိမ် မွေးမြူလျက်ရှိသည်။ ၎င်းခြံ လှောင်စနစ် မွေးမြူခြင်းဖြစ် ဆိတ်များထိန်းကျောင်းရလွယ်ကူခြင်း၊ နေရာများစွာ မလိုခြင်း၊ ဆိတ်ကျန်းမာရေးစောင့်ရှောက်ဖို့ လွယ်ကူ သည့်အပြင် ဆိတ်ချေးများကိုလည်း စိုက်ပျိုးရေးလုပ်ငန်း များမှာ ပြန်လည်ရောင်းချနိုင်ရန် ပြောကြားခဲ့သည်။

အဆိုပါ ဆိတ်မွေးမြူရေးလုပ်ငန်းမှာ စျေးကွက်တည်ငြိမ်ကောင်းမွန်ပြီး အချိန်တိုကာလအတွင်း မွေးမြူသည့်လုပ်ငန်းဖြစ်၍ အစာကုန်ကျစရိတ်အနည်းဆုံးနှင့် ဝင်ငွေရရှိမှု မြန်ဆန်ပြီး အကျိုးအမြတ်များသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်မွေးမြူပင်လျှင် ဝင်ငွေတိုးသည့်လုပ်ငန်းဖြစ်၍   ကျေးလက်ဒေသများတွင် ဆိတ်မွေးမြူခြင်းလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာပါက ဆိတ်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် နိုင်ငံတော်အတွက်လည်း အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း    တင်ပြလိုက်ပါသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)