Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတာဝန်ရှိသူများမှ ကြာဖက်၊ ငှက်ပျော်ဖက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ကွင်းဆင်းစစ်ဆေး
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက် (၈) နာရီခအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ နွေစပါးစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Mar 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးကြသည့် အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူ မိတ္ထီလာမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား ၂၆၆၂ ဦးရှိ
Mar 04,2024
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသူ၊ ကျောင်းသား၂၆၆၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Mar 04,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ယောက်သွားရပ်ကွက်ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံစာစီစာကုံးရေးနည်း သင်တန်းဖွင့်လှစ်
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံစာစီစာကုံးရေးနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် နားမွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ရှမ်းပြည်နယ်အစိုးရ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်အကောင်အထည်ဖော် ဆောက်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Mar 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာမေးပွဲစာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနား ကျင်းပ
Mar 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃ နာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကို အမှတ်(၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် (၁) နာရီတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6706
Page
6707
Page
6708
Page
6709
Current page
6710
Page
6711
Page
6712
Page
6713
Page
6714
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department