အင်္ဂပူ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ) ဦးမျိုးလှိုင်သည် အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းအုပ်စု၊ကဇင်းကြီးကျေးရွာ ကွင်းအမှတ် ၇၆၉-၇၇၂၊ ဦးပိုင်အမှတ် (၈၉/၁)ရှိ တောင်သူစောမိုးကြည်၏ လယ်မြေ(၂၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၆)တန်းသွားကောက် စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုအားပေးရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းနိုင်က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု အခြေအနေများနှင့် ပျိုးဗန်းများဖြင့်ပျိုးပင်ပျိုး ထောင်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအားမြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ) ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးမိုးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများတက် ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)