သတင်းများ

ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကျင်းပ
Jan 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကျင်းပပြုလုပ်
Jan 26,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အထွက်နှုန်းကျဆင်း
Jan 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးများသည်းထန်စွာရွာသွန်းသဖြင့် မြေပဲအထွက်နှုန်းကျဆင်းကာ မျိုးအနေဖြင့် သာရရှိကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 26,2024
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၉.၈၀၀)သန်းဖြင့် ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာ ဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ်ကျောင်းဆောင်သစ်အား သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေးဆောက်လုပ်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jan 26,2024
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (အင်းစိန်မြို့နယ်) နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မိုးညိုမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး(Kaeru Caravan) ကစားနည်း(၉)မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မိုးညို)၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလုံခရိုင်၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အလုံမြို့နယ်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။