သတင်းများ

ဖျာပုံမြို့ အမှတ် (၁၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။
အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၏ ရွေညီလာခန်းမတွင် ကျင်းပခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မြောင်းမြမြို့ရှိ အဆင့်မြင့်ဆန် ကြိတ်ခွဲသိုလှောင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
Jan 08,2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြောင်းမြမြို့ စက်မှုဇုန်ရှိ Paddy Stay Co.Ltd ၏ ခိုင်ဖြိုးကျော် အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စက်ရုံအတွင်း ဆန်ကြိတ်ခွဲ သန့်စင် ထုပ်ပိုးနေမှုနှင့် သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ(နေကြာ) လျာထားချက်ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ(နေကြာ) လျာထားချက် ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများအကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှု ရှိစေရေးအတွက် မော်‌တော်ယာဉ်များစစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက် ၉:၀၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာ ကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းနေမှု ကြည့်ရှုစစ်ဆေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ် (၄) ရပ် ကွက်၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည့် မြို့ပတ်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်းသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျုံပျော်မြို့ မြဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ‌ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။