သတင်းများ

ဝါးခယ်မမြို့နယ်တွင် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်သံဃနာယအဖွဲ့၏ဦးဆောင်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကြိုးလွှဲတပ်ဆင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား(၁၁)ဆူကို မိုးကြိုးလွှဲတပ်ဆင်လျက်ရှိရာ မိုးကြိုးလွှဲတပ်ဆင်မှုလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များမှ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အားကစားနည်း (၅)မျိုးအား (၅-၃-၂၀၂၄) ရက်နေ့မှ ( ၃-၄-၂၀၂၄) ရက်နေ့အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာ‌အောင်စေ့များ ရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ စောစောစိုက်ပျိုးထားသူများမှာ ရိတ်သိမ်းနေရပြီဖြစ်ကြောင်း ဝမ်‌ယေးကျေးရွာနေ ဆောင်းနေကြာစိုက်ပျိုးသူ ဦးမျိုးအောင်က ပြောကြားသည်။
မိုင်းယောင်းမြို့၌ အသက်(၁၈) ပြည့်မည့်သူများစာရင်း အတည်ပြုခြင်းဆောင်ရွက်
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်မည့်သူများစာရင်း အတည်ပြုခြင်းကို ယမန်နေ့ညနေ ၅ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 06,2024
မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
မြစ်ကြီးနားမြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်
Mar 06,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများက နွေရာသီအားကစားသင်တန်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူအင်အား (၁၂၀၀) ကျော် တက်ရောက် လျက်ရှိကြောင်း သိရသည်။