သတင်းများ

မိုင်းခတ်မြို့နယ် မြို့မ‌ဈေး၌ မီးဘေးအန္တရာယ် ကင်းရှင်း‌ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြ ဆောင်ရွက်
Jan 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပွင့်လင်းရာသီ၌ မီးလန့်မှု၊ မီးလောင်မှုများ မရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ‌ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကင်းရှင်း‌ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေကို ဝံ့ထည်စွာ ချပြလောက်သည့် ဆံရစ်ဝိုင်းအလှတရားများ
Jan 07,2024
မြန်မာတို့သည် ရိုးရာယဉ်ကျေးမှုဟု ခေါ်သော မိမိတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များကို အစဉ်ထိန်းသိမ်းကြ သည့် လူမျိုးများဖြစ်ကြပြီး၊ တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကိုသာ တန်ဖိုးထားကာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက် လာကြသောသူများ ဖြစ်ပေသည်။
မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်‌ရောက်
Jan 07,2024
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။
နိုင်ငံပေါင်း (၇)နိုင်ငံ အသိမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲကျင်းပ
Jan 07,2024
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပေါင်း (၇)နိုင်ငံအသိမှတ်ပြု ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ပွဲ ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမင်းဇေယျာလှိုင်၊ ဦးထွန်းခိုင်နှင့် အသင်းဝင်းများ၊ ဆုရ IT ပညာရှင် များ တက်ရောက်ခဲ့ကြသည်။
ဗဟန်းမြို့နယ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 07,2024
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ကြီးမှူးကျင်းပသည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့၌ ပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်
Jan 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် မြို့တွင်း၌ တပ်ဆင်ဆောင်ရွက် ထားရှိသော လျှပ်စစ်လမ်းတိုင်များမှာ ယခုအခါ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး၍ မီးမလင်းတော့သဖြင့် ယမန်နေ့ က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ် လျှပ်စစ်ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မီးမလင်း သည့် လမ်းမီးတိုင်များရှိ လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာ၌ ကြိုးတံတားတည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု
Jan 07,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေသည့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။