သတင်းများ

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီစစ်တုရင်သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က နွေရာသီစစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက် ထုတ်ယူ
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (၁) သာယာဝတီကျောင်း၌ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
ဒိုက်ဦးမြို့တွင် ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ
Mar 06,2024
မြို့နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာပြီး မျိုးဆက်သစ်အားကစားသမားများ အားကစားအသိစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့နယ်တွင် အားထားရသော မျိုးဆက်သစ် ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားကွင်းအတွင်း၌ ဘောလုံးဒိုင်လူကြီး သင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ စာတွေ့/လက်တွေ့ သင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။
ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ ပူပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီတွင် Community Center ခန်းမ၌ ဂီတစာဆို မောင်မျိုးသူ(ခ)ချစ်မင်းသူသို့ အမှတ်တရ အလွမ်းပြေစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
သနပ်ပင်မြို့နယ်၌ အသက် (၂)လမှ အသက်(၁)နှစ်‌ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးကြောင်း သိရသည်။
မြောင်းမြမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Mar 06,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းပိတ်ရက်အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး  စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ အခြေခံအင်္ဂလိပ်စာသင်တန်းမှ ကျောင်းသားကျောင်းသူ ၁၄ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။