ကြံခင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၄)ခုတွင် မီးဘေးလုံခြုံရေးနှင့် အခန်းပြင်ဆင်ထားခြင်းအားကြည့်ရှုစစ်ဆေး

ကြံခင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည့်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် မီးဘေးလုံခြုံရေးနှင့် အခန်းပြင်ဆင်ဆောင်ရွက်ထားခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊  မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊  မြို့နယ်လျှစ်စစ်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက စာစစ်ဌာန(၄)ခုဖြစ်သော (အ-ထ-က-၁) ကြံခင်း၊ (အ-ထ-က) ဘက်ရဲ၊ (အ-ထ-က) မျောက်ချောကုန်းနှင့် (အ-ထ-က) ရေနံတောင်ကျောင်းများရှိ စာသင်ခန်းအတွင်း၊ အပြင် ပြင်ဆင်ထားခြင်း၊ စာသင်ခုံများ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေးခြင်း၊ အေးချမ်းစွာဖြေဆိုနိုင်ရန် စာသင်ခန်းအတွင်း လျှပ်စစ် မီးကြိုးများ စစ်ဆေးခြင်း၊  မီးချိတ်၊ မီးကပ်၊ ရေသိုလှောင်ကန်များ၊ (DCP) မီးသတ်ဆေးဘူးထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)