Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောင်းကုန်းမြို့ ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံ့ကော် မြိုင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ ၃၀ နာရီအချိန်ခန့် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 24,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးက အဆောက်အဦ စာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်(၃)ခုတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ
Jan 24,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်
Jan 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့မှ ယနေ့နေ့လယ် (၁:၀၀)နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ဖတ်သူ ဆွေးနွေးခြင်းစာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ /၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေး စုံညီပွဲတော်အခမ်းအနား အ.ထ.က(၂)ကျောင်းတွင် ကျင်းပပြုလုပ်
Jan 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ၂၀၂၃ /၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည် အ.လ.ကခွဲ( မှတ်တိုင်လမ်း)၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ.လ.ကခွဲ(မှတ်တိုင်လမ်း)ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျောင်း၏ရွှေတည်ရတနာခန်းမဆောင်တွင်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အသင်းတော်ခန်းမဆောင်တွင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့ ဌာနဆိုင်ရာများ ပြည်သူများနှင့်တွေ့ဆုံ
Jan 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီက တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း ဆိုင်ရာအခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သင်တန်းဖွင့်လှစ်ဆဲ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဆိုင်ရာ လုံခြုံရေး၊ အုပ်ချုပ်၊ ထောက်ပံ့ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်
Jan 24,2024
သင်တန်းဖွင့်လှစ်ဆဲ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဆိုင်ရာ လုံခြုံရေး၊ အုပ်ချုပ်၊ ထောက်ပံ့ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးနှင့် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6651
Page
6652
Page
6653
Page
6654
Current page
6655
Page
6656
Page
6657
Page
6658
Page
6659
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department