ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဘိလပ်‌မြေအရောင်းဆိုင်များအား ကုန်ပစ္စည်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး

ကျိုက်လတ် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဘိလပ်‌မြေ အရောင်းဆိုင်များအား ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဘိလပ်‌မြေ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကျိုက်လတ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဘိလပ်မြေဆိုင်များ လိုင်စင် ရှိ/မရှိ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ကုန်လက်ကျန်နှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ကုန်ပစ္စည်းများအား သတ်မှတ်အရည်အသွေးများနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်