ရေဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေးလျက်ရှိ

ရေဖြူ  မတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်လည်ပတ်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ရုံးဖွင့်ချိန်မှစ၍ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်ငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေဖြူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုသုတ ကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များကို ဖက်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိရာ နွေရာသီ ကျောင်းပိတ်ရက်များတွင် သာမန်နေ့များထက် စာဖက်သူ၊ စာငှားသူများ ပိုမိုများပြားကြောင်း သိရသည်။

ခတ္တာ