သတင်းများ

မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်တို့တွင် (၁၀၇၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိ
Mar 16,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်၍ တစ်ပြိုင်နက်တည်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြေပွဲပြုလုပ်
Mar 16,2024
မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဟောပြောခဲ့ကြောင်းသိရသည်။
အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာများဆက်လက်ဖြေဆို
Mar 16,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနအတွင်း (ပဉ္စမ)နေ့အဖြစ် မတ်လ ၁၅ ရက်နေ့က ရူပဗေဒနှင့် သမိုင်းဘာသာတို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုကြကြောင်း သိရသည်။
ကျောက်ဆည်မြိုနယ်တွင် ဘောင်စနစ်ဖြင့် နွေးနှမ်းစိုက်ပျိုးနေမှုအား အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ နှမ်းစိုက်တောင်သူများ လာရောက်လေ့လာ
Mar 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေသွင်း/ရေထုတ်လွယ်ကူပြီး အထွက်နှုန်းကောင်းမွန်သေချာသည့် ဘောင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးလျက်ရှိသော ရဲကြီးကျေးရွာ ကွင်းအမှတ် (၂၃၉)၊ ဦးပိုင်အမှတ် ၉-က၊ ခွဲ-၆ တောင်သူ ဦးသန့်ဇင်ထွန်း၏ နွေနှမ်းစိုက်ပျိုးနေမှုများအား ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများနှင့် နွေးနှမ်းစိုက်တောင်သူများ လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုကျင်းပ
Mar 16,2024
(၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့အား ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်အနေဖြင့် စာစစ်ဌာန(၆) ခုတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။
ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဌာနမှ မျိုးကောင်းမျိုးသန့် တစ်ရှူးငှက်ပျောများ သုတေသနပြုလုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိ
Mar 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဌာနမှ ပိုးမွှားကင်းစင်ပြီး မျိုးကောင်း၊ မျိုးသန့် တစ်ရှူးငှက်ပျောမျိုးများ သုတေသနပြုပြီး ငှက်ပျောစိုက်တောင်သူမျာအား ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို
Mar 16,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။