လယ်ဝေး မတ် ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေအုပ်စု၊ အေလာလမ်းဆုံတွင် နေပြည်တော်ယာဥ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်အောင်ဝင်းစိုး၊ တပ်ကြပ်ကြီးမျိုးမင်းစိုးနှင့်အဖွဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မြို့နယ်မထသဥက္ကဋ္ဌ၊ သစ်ဆိမ့်ပင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်အတွင်း ဖြတ်သန်းမောင်းနှင်လျှက်ရှိသော မော်တော်ယာဉ် ၅၆ စီး မော်တော်ဆိုင်ကယ် ၁၂၄ စီး၊စုစုပေါင်း ၁၈၀ စီး တို့အား Quick Win အစီအမံ (၅) ရပ်အပါအဝင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိ/ မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်း ၇ မှု၊ မောင်းလိုင်စင်မပါ ၂ မှု၊ ဝှီးတက်မပါ ၁ မှု၊ ကားသတ်မှတ်လိုင်စင်မမောင်း ၁ မှု၊ နောက် body ပြောင်း ၁ မှု၊ မောင်းလိုင်စင်မပါ ၁ မှု စုစုပေါင်း ကား/ ဆိုင်ကယ် ၁၃ မှု စစ်ဆေးဖမ်းဆီးအရေးယူခဲ့ပြီး သက်ဆိုင်ရာမော်တော်ယာဉ်လိုင်စင် (ဝှီးတက်) အမောင်းလိုင်စင်များအား သိမ်းဆည်းကာ ချလံပြေစာဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ (ပြန်/ဆက်)