မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် မြစ်သားမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းတို့မှ အသင်းသားတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တစ်ဧကလျှင် ကျပ် (၂၀၀၀၀၀/-) နှုန်းနှင့် ညီမျှသောသွင်းအားစုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းလှိုင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းနှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် အသင်းသားတောင်သူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)