ရန်ကုန် မတ်လ ၁၇
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (UMBEEA) ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို ဈေးရောင်းပွဲတော်နှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက UMFCCI ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် UMBEEA ၏ ဥက္ကဋ္ဌ ဦးကျော်ဒေဝမှ အသင်းဖြစ်ပေါ်လာပုံနှင့် ဈေးရောင်းပွဲတော်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး၊ ဈေးရောင်းပွဲတော်အတွင်း ရောင်းချမည့်ဆိုင်ခန်းများနှင့် ပတ်သက်သည်များကို ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အောင်မှ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ UMBEEA နှင့် MOUရေးထိုးထားသော မိတ်ဖက်လုပ်ငန်းရှင်များ၊ SME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် သတင်းမီဒီယာများမှ တက်ရောက်ခဲ့ကြသည်။ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို ဈေးရောင်းပွဲတော်ကို မတ်လ ၂၄၊ ၂၅၊ ၂၆ တွင် ကန်သာယာ Shopping Centre၌ နံနက် ၉ နာရီမှည ၉ နာရီအထိ (၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)