ပူတာအို မတ် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ပူတာအိုလေဆိပ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်သူ၏ ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက ပူတာအို-မြစ်ကြီးနား-မန္တလေး-ရန်ကုန်သို့ လေကြောင်းလိုင်းဖြင့် သွားရောက်မည့် ခရီးသည်များနှင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ပူတာအိုသို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား သတင်းစကားလက်ကမ်းစာစောင် (၁၀၀) စောင်ဖြန့်ဝေပေးခဲ့ပြီး ပူတာအိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးရွာအုပ်စုနှစ်အုပ်စုတွင် စုစုပေါင်း သတင်းစကားလက်ကမ်းစာစောင် (၂၂၀) စောင်ကို ဖြန့်ဝေပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဉပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များပါဝင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)