ကသာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မြောက်ပိုင်းရပ်ကွက် အောင်သပြေလမ်းတွင် ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က နံကပ်တစ်ထပ်ဂိုထောင်၌ ပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းကာ လူနေအိမ် (၆) လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို ကသာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးသူတို့ ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ (၅) နာရီခွဲတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်များအား ကသာမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း(ကသာ)