မိုင်းခုတ် မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်အရာရှိ ဦးကျော်ဇင်လတ် ဦးဆောင်သောအဖွဲ့မှ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံခြင်းသည် “ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်” ဖြင့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား အဓိကထားဆောင်ရွက်နေသောကြောင့် ဆေးရုံတက်ကုသမှုခံယူနေသည့် မွေးလူနာအမျိုးသမီး (၇) ဦးနှင့် ငါးနှစ်အောက်ကလေး (၃) ဦး၊ စုစုပေါင်း (၁၀) ဦးအား ဆေးရုံတက်နေစဉ် တစ်ရက်အတွက် (၁၆၀၀၀) ကျပ်နှုန်းဖြင့် စားစရိတ်နှင့် ခရီးစရိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)