ဒေးဒရဲ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ပထမထပ်တိုးလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၃) ခုရှိ ကိုယ်ဝန်ဆောင်မိခင် (၇၉) ဦး၊ အသက် (၂) နှစ်အောက် ကလေး (၁၂၀) ဦး၊ စုစုပေါင်း (၁၅၉) ဦးအတွက် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် စုစုပေါင်းငွေ (၄၂၇၅၀၀၀) ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၀၉၀) ဦးနှင့် အသက် (၂) နှစ်အောက်ကလေး (၂၅၁၇) ဦး၊ စုစုပေါင်း (၃၆၀၇) ဦးအတွက် ငွေကျပ် (၈၄၁၈၀၀၀၀) ကို ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရသည်။
အေဇာလင်း