ရွှေပြည်သာမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းမြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

ရွှေပြည်သာ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းမြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း‌ ရွှေပြည်ရတနာခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။ သင်တန်းသို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ ဆရာမ (၃၁၇) ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီး (၂၂) ဦး၊ မူလတန်းပြ ဆရာ/ ဆရာမ (၅၁၉) ဦးတို့အား သင်တန်းနည်းပြ ဆရာ/ ဆရာမ (၃၄) ဦးတို့က မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း