ကျောက်တန်း မတ်လ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကြီး ကျင်းပလျက်ရှိရာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ယနေ့တပေါင်းလပြည့် ယမန်နေ့ နံနက် (၅) နာရီခွဲအချိန်က ကျိုက်မှော်ဝန်း ရေလယ်စေတီတော်ရင်ပြင်ရှိ ဆုတောင်းပြည့် ငါးစပ်တန်ဆောင်းတော်ကြီးတွင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၏ သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တဥတ္တမသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) (ဓမ္မသိင်္ဂီပရိယတ္တိစာသင်တိုက်) ဆရာတော်ဘဒ္ဒန္တပညာ (စိတ္တသုခကျောင်းတိုက်) ဆရာတော်ဘဒ္ဒန္တသုန္ဒရ (နိုင်ငံတော်သြဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) (ကန်ပြောင်အရှေ့ကျောင်းတိုက်) ဆရာတော်ဘဒ္ဒန္တကုမာရ (ဓမ္မာစရိယ) ပန်းတော်ကျောင်းတိုက်ဆရာတော်နှင့် သြဝါဒစရိယဆရာတော်ကြီးများ၊ အဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဆရာတော်ဘဒ္ဒန္တဥတ္တမသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) (ဓမ္မသိင်္ဂီပရိယတ္တိစာသင်တိုက်) ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်၊၊
ဆက်လက်၍ ကျိုက်မှော်ဝန်းရေလယ်စေတီတော်စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှသွင်အဖွဲ့နှင့် အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဆော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြကြောင်း သိရသည်။
ထိုနောက် နံနက် (၆) နာရီ (၄၅) မိနစ်အချိန်မှစ၍ ဘုရားအမှူးရှိသော ပင့်သံဃာ (၂၂၅) ပါးတို့အား ကျောက်တန်းမြို့ စံချိန်မီရပ်ကွက်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီးတွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းထားသော ပဒေသာပင် (၂၂၅) ခု၏ တန်ဖိုး စုစုပေါင်းလှူဒါန်းငွေ-၃၃၆၅၈၀၀၀ိ/ ကျပ် (သုံးရာသုံးဆယ့်ခြောက်သိန်းငါးသောင်းရှစ်ထောင်ကျပ်တိတိ) နှင့် စုစုပေါင်း လှူဒါန်းပစ္စည်းတန်ဖိုးငွေ-၅၃၉၆၀၀ိ/ ကျပ် (ငါးသိန်းသုံးသောင်းကိုးထောင်ခြောက်ရာတိတိ) တို့ကို မဲဖောက်ဆပ်ကပ်လှူဒါန်းကြပြီး နံနက် (၈) နာရီအချိန်တွင် ရွှေမှော်သာသနာ့ဗိမာန်တော်ကြီးမှစတင်၍ ဘုရားအမှူးရှိသော ပင့်သံဃာ (၂၂၅) ပါးတို့မှ မင်းကျောင်းလမ်းမကြီးမှ အနောက်ပိုင်းရပ်ကွက် လမ်းမတော်လမ်းမကြီးထိုမှ မကျည်းတန်းလမ်းမှ တစ်ဆင့်ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီ (ကျောက်တန်းဘက်ကမ်း) ကားပါကင်အထိ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ကြွရောက်တော်မူကြပြီး ဌာနဆိုင်ရာများ အလှူရှင်များမှ စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်၊၊
ထိုနောက် ကြွရောက်တော်မှုကြသော သံဃာတော်အရှင်သူမြတ်များကို ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီးတွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်၊၊
နေလင်းကျော် (ပြန်ဆက်)