သံဖြူဇရပ် မတ် ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂုဏ်တော်ကိုးပါးရှိ တနင်္ဂနွေဒေါင့်မှ မြတ်ဗုဒ္ဓတစ်ဆူ၏ ရွှေကြာသင်္ကန်းတော်အား ရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရာကန်တော့ဖွင့်လှစ်ပြီး၊ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ဝေး/ရပ်နီးအလှူရှင်များမှ ကျိုက္ခမီမြို့ရေလယ်ကြောင်းဆရာတော် ဘဒ္ဒတသုမန ထံမှငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)