ခရမ်းမြို့သကျမာရဇိန်သွန်း ဘုရားကြီး၏ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်‌တော်လောင်းလှူပွဲ ကျင်းပ

ခရမ်း  မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲကို မတ်(၂၃)ရက်နေ့  မွန်းလွဲ (၁) နာရီက အဆိုပါဘုရားကြီးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။             

အခမ်းအနားတွင် ခရမ်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတာ် ဘဒ္ဓန္တ ပညာဇောတ ( ရဲမွန် ) ကျောင်း ဆရာ‌တော်နှင့် သံဃာတာ်များအား လှူဒါန်းဖွယ်ရာများ ဆပ်ကပ်လှူဒါန်း၍ ဘဏ္ဍာတော် ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။

သကျမာရဇိန် သွန်းဘုရားကြီး၏ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ( ၈ )ရက် ( ၁၇.၃.၂၀၂၄)နေ့မှစ၍ ပဌာန်းရွတ်ဖတ် ပူဇော်ပွဲအား (၅ )ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး တစ်ပေါင်းလဆန်း ( ၁၄ )ရက်    ( ၂၃.၃.၂၀၂၄ ) ယမန်နေ့က မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ( ၃၃ )ကျောင်းမှ ပင့်သံဃာတော် အရှင်သူမြတ်( ၄၈ )ပါးနှင့် ဗုဒ္ဓဘုရားရှင်ပါ စုစုပေါင်း ( ၄၉ ) ပါးတို့အား ဆွမ်းဆန်တော်တစ်တင်းခွဲ အိတ် (၁၀၁) အိတ်ကျော်နှင့် အလှူတော်ငွေကျပ် (  ၁၂၈,၀၀၀၀၀/-) ( တစ်ရာနှစ်ဆယ့်ရှစ်သိန်း ) ကျပ်အား ‌လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

ကိုမင်း ( ပြန်/ဆက် )