ကျောက်ဆည်မြို့တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာ အကျိုးပြုမည့်  တံစိုးဂိတ်လမ်းအား ကတ္တရာခင်းခြင်း၊ လမ်းလယ်ခုံနှင့် မီးတိုင်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့်  ကျောက်ဆည်မြို့ တောင်ဘက်ပိုင်းရှိ  တံစိုးဂိတ်မြို့အဝင်လမ်းအား ကတ္တခင်းခြင်း၊ လမ်းလမ်ခုံနှင့် လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ မြို့အဝင်လမ်းအား ကတ္တရာခင်းခြင်း၊ လမ်းလယ်ခုံနှင့် လမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းများ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီး အရည်အသွေးပြည့်မီစွာဖြင့် ထု(၉)လက်မ၊ အကျယ်(၁၈)ပေ၊ အရှည် (၇၅၀)ပေ၊ (၂)လမ်းသွား လမ်းအား ကတ္တရာခင်းပေးခြင်း၊ လမ်းလယ်ခုံ၊ လမ်းမီးတိုင်စိုက်ထူခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ခြင်းဖြင့်  မြို့အေးမြကြည်လင်၊ ညောင်ခြောက်ပင်၊ ဆူးကုန်း၊ ဘောဂဝတီးစသည့် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် တံစိုး၊ တုံလုံ၊တောတွင်၊ ဘုံကွင်း၊ စမာ စသည့် ကျေးရွာ(၃၇)ရွာ တို့အား တိုက်ရိုက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။

တံစိုးဂိတ်မြို့အဝင်လမ်းသည် ကျောက်ဆည်မြို့နှင့်မြစ်သားမြို့တို့ဆက်သွယ်ထားသော လမ်းများတွင် အတိုဆုံးလမ်းဖြစ်ခြင်း၊  ရန်ကုန်၊မန္တလေးအမြန်လမ်းမကြီး၊ အမှတ်(၁)ခရိုင်ချင်းဆက်လမ်း၊ ကျေးရွာချင်း ဆက်လမ်းများနှင့် ဆက်သွယ်ထားသောကြောင့်  ဒေသအတွင်း ကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ပြီး ပြည်သူများ အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး စသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)